ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပခြင်း

မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း (MSIA) ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို UMFCCI Tower တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို အသင်းသူ/အသင်းသားများက စုပေါင်း၍ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။