About MSIA

The leading voice of Myanmar’s steel industry

မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းကို၂၀၁၇ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့တွင်တရားဝင်မှတ်ပုံတင်ထားပြီး ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်အမှတ်သည် ၁/ပြည်တွင်း/၀၅၂၈ ဖြစ်၍ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိမှတ်ပုံတင်ခဲ့ပါသည်။ ၂၀၂၃ခုနှစ်မှစ၍မြန်မာနိုင်ငံရင်းနှီးမြှုပ်နှ့မှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင်ပြောင်းလဲမှတ်ပုံတင်ခဲ့ပါသည်။ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းအား နာယကကြီး (၃)ဦး၊ ဥက္ကဌ (၁)ဦး၊ ဒုဥက္ကဌ (၅)ဦး၊ အထွေထွေအတွင်းရေးမှုးချုပ် (၃)ဦးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် (၂)ဦး၊ အမှုဆောင်အဖွဲ့ဝင် (၁၁)ဦးနှင့် ရုံးအဖွဲ့အတွင်းရေးမှုး (၁)ဦးအပါအဝင်ဝန်ထမ်း (၅)ဦးတို့ဖြင့်ဖွဲ့စည်းထားပါသည်။လက်ရှိတွင် ပြည်နယ်နှင့်တိုင်းအလိုက် အသင်းရုံးခွဲများဖွင့်လှစ်တည်ထောင်ထား ပြီး အသင်းဝင်ကုမ္ပဏီ (၄၀၀)ကျော် ခန့်ရှိပြီဖြစ်ပါသည်။

Vision & Mission

Vision

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အခြေခံအဆောက်အဦနှင့် ဆက်စပ် တည်ဆောက်ရေးကဏ္ဍများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် သံနှင့်သံမဏိကို ပြည်ပမှ တင်သွင်းမှီခိုနေရ သည့် အခြေအနေမှ ကိုယ်တိုင်ထုတ်လုပ် ရောင်းချနိုင်သည့် National Strategic Industry တစ်ခု ဖြစ်သည့် သံနှင့်သံမဏိကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး မျှော်မှန်းပါသည်။

Mission

အခြေခံအဆောက်အဦဆိုင်ရာ စက်မှုလုပ်ငန်းများအနက် (Infrastructure Industries) ပထမ ဦးစားပေးဖြစ်သည့် သံ၊ သံမဏိ နှင့် သတ္တုသန့်စင်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် သုံးစွဲမှုကဏ္ဍ များနှင့် ပတ်သက်သည့် စံချိန်စံညွှန်း (Standardization)၊ ထုတ်လုပ်မှုနည်းပညာ (Technology)၊ တွေ့ကြုံ နေရသည့် အခက်အခဲများ (Challenging Matter) များကိုရင်ဆိုင်ကျော်လွှားနိုင်ပြီး နိုင်ငံတွင်း ပြည်တွင်းဖြစ်စံချိန်မှီသံမဏိထုပ်လုပ်ရေးလုပ်ငန်း များ တိုးတက်လာစေရန်

Organization

The Strength Behind Our
Association

Objectives

“မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း” (Myanmar Steel Industry Association) ကို    အောက်ပါ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားရှိသည်။

  • ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို မြှင့်တင်ဆောင်ရွက်ရန်။
  • နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေးတို့ကို အခြေခံ၍ ပံ့ပိုးကူညီရန်။
  • အခြေခံ အဆောက်အအုံဆိုင်ရာ စက်မှုလုပ်ငန်းများ (Infrastructure Industries) များအနက် ပထမဦးစားပေး လုပ်ငန်းဖြစ်သည့် သံ၊ သံမဏိနှင့် သတ္တုသန့်စင် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်း၊ နည်းပညာ ထုတ်လုပ်မှု စွမ်းရည်၊ အခက်အခဲများနှင့် သက်ဆိုင်သည့် သင်တန်းနှင့် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ ကျင်းပခြင်း စသည့် အရည်အသွေး မြှင့်တင်ရေး အထောက်ကူပြုရန်။
  • အစိမ်းရောင် စက်မှုလုပ်ငန်းအဖြစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် အထောက်အကူပြု လုပ်ငန်း အစီအစဉ်များရေးဆွဲ ဆောင်ရွက်ရွန်။
  • စက်မှုလုပ်ငန်းများ၏ အကျိုးဖြစ်ထွန်းမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွားရေး ဘဝအပေါ် သက်ရောက်မှု ရှိစေရန်အတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးရန်။
  • အရည်အသွေး ပြည့်မီသော လုပ်ငန်းရှင်များ၊ သုတေသနပညာရှင်များနှင့် အလားလာ ရှိသော မျိုးဆက်သစ်ပညာရှင်များ မွေးထုတ်ပေးရန်။
  • သံနှင့်သံမဏိလုပ်ငန်း သဘောသဘာဝအရ နိုင်ငံခြားငွေ အမြောက် အများသုံး၍ ပြည်ပမှ တင်သွင်းနေရခြင်းကို လျှော့ချနိုင်ရန် အတွက်နှင့် ပြည်တွင်းတွင် ထုတ်လုပ်နိုင်သည့် လုပ်ငန်းများကို တိုးတက်နိုင်စေရေးအတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်။

 

U Kyaw Kyaw Oo

Chairman Message

Chairman Message

Leading the way toward domestic industrial excellence

နိုင်ငံတစ်နိုင်ငံကိုခေါတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရာတွင် သံမဏိထုတ်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည်အဓိကကျသောနေရာတွင်ခိုင်မာစွာရပ်တည်လျက်ရှိပါသည်၊ထို့ကြောင့်လည်းမြန်မာနိုင်ငံတွင်သံမဏိထုတ်လုပ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များ အသင်း (MSIA) အနေဖြင့် ကျရာကဏ္ဍမှအစွမ်းကုန်ပါဝင် ကြိုးစားအားထုတ်ခဲ့ပြီး နိုင်ငံတော်၏အားကိုးအားထားဖြစ်သောသံမဏိလုပ်ငန်းရှင်များအသင်းကြီးအဖြစ်မားမားမတ်မတ်ရပ်တည်သွားနိုင်အောင်ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း (MSIA) သည် အနာဂတ်တွင် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ထားပြီး ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် လမ်းညွှန်မြေပုံ ရှေ့လုပ်ငန်းစဉ်(၇)ချက်ကို ချမှတ်အကောင်အထည်ပေါ်ဆောင်ရွက်လျက်ရှိပါသည်။

လမ်းညွှန်မြေပုံ ရှေ့လုပ်ငန်းစဉ်(၇)ချက်ကို ချမှတ်အကောင်အထည်ပေါ် ဆောင်ရွက်လျက်ရှိပါသည်။

 

  • ပြည်တွင်းသံမဏိထုတ်လုပ်မှုကဏ္ဍစနစ်တကျတိုးတက်ဖွံဖြိုးလာစေရန်
  • ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ရန်နှင့်သွင်းကုန်မှီခိုမှုလျော့ချနိုင်စေရန်
  • အရည်သွေးမီသံမဏိထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သုံးစွဲလာနိုင်စေရန်
  • လူ့စွမ်းအားအရင်းအမြစ်များဖွံဖြိုးတိုးတက်စေရေး အားပေးမြှင့်တင်ရန်
  • သဘာဝအရင်းအမြစ်များကိုအကျိုးရှိထိရောက်စွာ အသုံးပြုခြင်းဖြင့်တာဝန်ယူမှုရှိသော ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသည့်နည်းလမ်းများဖြင့် သံမဏိထုတ်လုပ်မှုလုပ်ငန်းများအဖြစ် ရေရှည်တည်တံမှုကိုမြှင့်တင်ရန်
  • သံမဏိထုတ်ကုန်များအားအရည်အသွေးစစ်ဆေးခြင်းနှင့်အလားတူဆက်စပ်လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်မည့် အသိအမှတ်ပြုဓါတ်ခွဲခန်းများတည်ထောင်ဆောင်ရွက်ရန်နှင့် ဓါတ်ခွဲခန်းကျွမ်းကျင်သူများ၊ ပညာရှင်များလေ့ကျင့်မွေးထုတ်နိုင်ရန်
  • အလုပ်အကိုင်အခွင့်အလမ်းများဖန်းတီးပေးနိုင်ရန်

Certificate