“ရေဘေးသင့်ဒေသရှိ ပြည်သူများအား ကူညီပံ့ပိုးရန် လှူဒါန်းမှု”
ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော ရေဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် ဒေသအသီးသီးရှိ ပြည်သူများအား ကူညီပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ အသင်းသူ/အသင်းသားများမှ စုပေါင်းလှူဒါန်းသော အလှူငွေစုစုပေါင်း သိန်း (၂၁,၃၀၀,၀၀၀) ကျပ် ကို ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်လက်ခံရယူခဲ့ပါသည်။

