About MSIAမြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းကို၂၀၁၇ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့တွင်တရားဝင်မှတ်ပုံတင်ထားပြီး ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်အမှတ်သည် ၁/ပြည်တွင်း/၀၅၂၈ ဖြစ်၍ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိမှတ်ပုံတင်ခဲ့ပါသည်။ ၂၀၂၃ခုနှစ်မှစ၍မြန်မာနိုင်ငံရင်းနှီးမြှုပ်နှ့မှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင်ပြောင်းလဲမှတ်ပုံတင်ခဲ့ပါသည်။ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းအား နာယကကြီး (၃)ဦး၊ ဥက္ကဌ (၁)ဦး၊ ဒုဥက္ကဌ (၅)ဦး၊ အထွေထွေအတွင်းရေးမှုးချုပ် (၃)ဦးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် (၂)ဦး၊ အမှုဆောင်အဖွဲ့ဝင် (၁၁)ဦးနှင့် ရုံးအဖွဲ့အတွင်းရေးမှုး (၁)ဦးအပါအဝင်ဝန်ထမ်း (၅)ဦးတို့ဖြင့်ဖွဲ့စည်းထားပါသည်။လက်ရှိတွင် ပြည်နယ်နှင့်တိုင်းအလိုက် အသင်းရုံးခွဲများဖွင့်လှစ်တည်ထောင်ထား ပြီး အသင်းဝင်ကုမ္ပဏီ (၄၀၀)ကျော် ခန့်ရှိပြီဖြစ်ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အခြေခံအဆောက်အဦနှင့် ဆက်စပ် တည်ဆောက်ရေးကဏ္ဍများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် သံနှင့်သံမဏိကို ပြည်ပမှ တင်သွင်းမှီခိုနေရ သည့် အခြေအနေမှ ကိုယ်တိုင်ထုတ်လုပ် ရောင်းချနိုင်သည့် National Strategic Industry တစ်ခု ဖြစ်သည့် သံနှင့်သံမဏိကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး မျှော်မှန်းပါသည်။
အခြေခံအဆောက်အဦဆိုင်ရာ စက်မှုလုပ်ငန်းများအနက် (Infrastructure Industries) ပထမ ဦးစားပေးဖြစ်သည့် သံ၊ သံမဏိ နှင့် သတ္တုသန့်စင်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် သုံးစွဲမှုကဏ္ဍ များနှင့် ပတ်သက်သည့် စံချိန်စံညွှန်း (Standardization)၊ ထုတ်လုပ်မှုနည်းပညာ (Technology)၊ တွေ့ကြုံ နေရသည့် အခက်အခဲများ (Challenging Matter) များကိုရင်ဆိုင်ကျော်လွှားနိုင်ပြီး နိုင်ငံတွင်း ပြည်တွင်းဖြစ်စံချိန်မှီသံမဏိထုပ်လုပ်ရေးလုပ်ငန်း များ တိုးတက်လာစေရန်
“မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း” (Myanmar Steel Industry Association) ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားရှိသည်။
Certificate