Services

မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း (MSIA)

  1. 
မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်တွင်းသံမဏိထုတ်လုပ်ရေးစက်ရုံများတိုးတက်ရေး၊
  2. သံမဏိနှင့်သံမဏိဆက်စပ်နေသည့်ပစ္စည်းများကိုရောင်းဝယ်ဖောက်ကားနေသည့် လုပ်ငန်းရှင်/ကုမ္ပဏီများနှင့် သံမဏိနှင့်ဆက်စပ်နေသည့် အခြားစက်မှုကဏ္ဍများတို့၏ တိုးတက်ဖွံ့ဖြိုးရေးနှင့်ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးနေပါသည်၊
  3. ထို့ပြင် နိုင်ငံတော်မှထုတ်ပြန်သော အမိန့်ကြော်ညာ နှင့်အခြားလိုအပ်သည့် သတင်းအချက်များကိုအသင်းဝင်ကုမ္ပဏီများသို့ အချိန်မှီဖြန့်ဝေပေးနိုင်ရန်ဆောင်ရွက် လျက်ရှိပါသည်၊
  4. သံမဏီနှင့်ပတ်သက်သည့် စံချိန်စံညွှန်းနှင့်ပတ်သက်၍ ကုမ္ပဏီများနှင့်သံမဏိနှင့်ဆက်စပ်နေသည့် အခြားစက်မှုကဏ္ဍများတို့၏ စံချိန်မှီသံမဏီ နိုင်ငံတော်တွင် သတ်မှတ်ပြဌန်းထားနိုင်ရန်အတွက် သက်ဆိုင်ဝန်ကြီးဌာနများနှင့်ဆက်သွယ်ပူပေါင်းဆောင်ရွက်လျက်ရှိပါသည်၊
  5. ပြည်ပမှ သံမဏိ (သို့မဟုတ်) အခြားသံမဏိနှင့်ဆက်စပ်နေသည့် ပစ္စည်းများဝယ်ယူတင်သွင်းနိုင်ရန်အတွက် အသင်းမှထောင်ခံချက်များပြုလုပ်ပေးပါသည်။

Future Plans

  1. မြန်မာနိုင်ငံတွင် သံနှင့်သံမဏိဆိုင်ရာ ဆက်စပ်ပစ္စည်းများ၏ စံချိန်စံညွှန်း သတ်မှတ်ချက်များ အလျင်အမြန် ပေါ်ပေါက်လာနိုင်ရေးအတွက် အမျိုးသား စံချိန်၊ စံညွှန်း ရေးဆွဲရေး ကောင်စီ၏ တာဝန်ပေးထားသော အပိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
  2. ပြည်ပထုတ်သံချောင်းများ Rebar အရည်အသွေးဆိုင်ရာ စစ်ဆေးခြင်း၊ ပြည်တွင်းထုတ်လုပ်မှု အရည်အသွေးမြှင့်တင်နိုင်ရန် နည်းလမ်းများကို စက်မှုဝန်ကြီးဌာနဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်။
  3. National Lab တစ်ခုကို အနည်းဆုံး ရန်ကုန်တွင် တစ်ခုနှင့် မန္တလေးမြို့တွင် တစ်ခု အလျင်အမြန် တည်ဆောက်နိုင်ရေးကို စက်မှုဝန်ကြီးဌာနသို့ အကြံပေး၍ ပူးပေါင်း ဆောင်ရွက်ရန်။
  4. နိုင်ငံတော်၏ ရေရှည် အကျိုးစီးပွားတွင် အရေးပါသော သံမဏိမူဝါဒ (Steel Policy) မူကြမ်းရေးဆွဲရာတွင် လည်း စက်မှုဝန်ကြီးဌာနနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန်။
  5. နိုင်ငံတော်နှင့် ပူးပေါင်း၍ သွင်းကုန်အစားထိုး နိုင်ရန် အရည်အသွေးမီ သံမဏိထုတ်ကုန် တန်ချိန် သန်းချီ ထုတ်လုပ်နိုင်မည့် စက်ရုံကြီးတစ်ခု တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်။
  6. စက်မှု/ကုန်သည် အသင်းချုပ်၏ ညီနောင်အသင်းဖြစ်သည်နှင့်အညီ စက်မှု/ကုန်သည်အသင်း၏ လှုပ်ရှားဆောင်ရွက်မှုမှန်သမျှ မိမိတို့ အသင်းမှ အမြဲတမ်းပူးပေါင်း ပါဝင်ဆောင်ရွက်ရန်။